Instruction
Welcom BaganMart Help Center
"လမ်းညွှန်"
BaganMart.com တွင် အခမဲ့ Member ဝင်ခြင်း
BaganMart.com တွင် Facebook Account သို့မဟုတ် Email Account ဖြင့် Member ဝင်၍ အသုံးပြုနိုင်ပါသည်။
BaganMart.com တွင် Facebook Account ဖြင့်ဝင်ရောက်အသုံးပြုခြင်း
- 1.BaganMart.com ၏ ညာဘက် အပေါ်တွင် ရှိသော Login with facebook ကို နှိပ်ပါ

- 2.Facebook စာမျက်နှာသို့ ရောက်ပါက Facebook ၏ ခွင့်ပြုချက်ရရန် ဖော်ပြပါ Box၏ ညာဘက်အောက်ထောင့်ရှိ ok ကို နှိပ်ပါ။

- 3.ထို့နောက် BaganMart.com စာမျက်နှာသို့ ပြန်လည်ရောက်ရှိသွားပြီး အောက်ဖော်ပြပါ ပုံစံအတိုင်း ဖြည့်စွက်ပေးပြီးပါက သင်၏ Facebook ဖြင့် Login ပြုလုပ်ခြင်း အောင်မြင်စွာ ပြီးစီးပါပြီ။

Facebook Account မရှိပါက Email Account ဖြင့် Member ဝင်နိုင်ပါသည်။
- 1.BaganMart.com ၏ ညာဘက် အပေါ်တွင် ရှိသော Join Now ကို နှိပ်ပါ။

- 2.အောက်ဖော်ပြပါ ပုံစံအတိုင်း ဖြည့်စွက် Register လုပ်၍ ကိုယ်ပိုင် Account တစ်ခုကို ရယူပါ။

- 3.Continue Button ကို နှိပ်အပြီးတွင် Please Activate Your Account In Your Email စာသားကို ပုံပါအတိုင်း မြင်တွေ့ရပါမည်။

- 4.မိမိ Register လုပ်ထားသော Email ထဲတွင် အောက်ပါပုံအတိုင်း BaganMart Verification Mail ခေါင်းစဉ်ဖြင့် Email ရောက်နေပါလိမ့်မည်။ ထို Mail ထဲရှိ Activate Link ဆိုသော စာကြောင်းကို နှိပ်၍ လက်ခံပေးပါ။

Activate လုပ်ပြီးပါက လူကြီးမင်း၏ ကိုယ်ပိုင် Account သည် BaganMart.com တွင် တရားဝင် မှတ်ပုံတင်ခြင်းကိစ္စ အောင်မြင်ပြီးစီး၍ စတင်အသုံးပြု၍ ရပါပြီ။ Internet ရရှိသော မည်သည့်နေရာတွင်မဆို BaganMart.com သို့ လူကြီးမင်း၏ User Email, Password တို့ဖြင့် ၀င်ရောက် အသုံးပြုနိုင်ပါပြီ။
************************************************
BaganMart.com တွင် Company Page ပြုလုပ်ခြင်း
LogIn ဝင်ပြီးပါက ညာဘက်အပေါ်ထောင့်တွင် “Manage Dashboard” Button ကို နှိပ်ပြီး ကျလာသော Menu ထဲတွင် Company Page ကို နှိပ်ပါ။ အောက်ပါ နမူနာပုံစံ တွင် ဖော်ပြထားသည့် အတိုင်း မိမိ Company အချက်အလက်များကို ပြည့်စုံစွာ ဖြည့်စွက်ရပါမည်။ သို့မှသာ Buyer, Partner, Investor များသည် မိမိ လုပ်ငန်း အကြောင်း အသေးစိတ်သိရှိနိုင်မည်ဖြစ်ပြီး မိမိ Company အပေါ် ယုံကြည်မှု တစ်ခုကို ရရှိစေနိုင်ပါသည်။

အထက် ဖော်ပြပါ နမူနာပုံစံ အတိုင်း Company Form တွင် လိုအပ်သည့် အချက်အလက်များ ဖြည့်စွက်ပြီးပါက Submit ကို နှိပ်ပေးရပါမည်။ ပိုမိုပြည့်စုံစေရန် အချက်အလက်များ ထပ်မံဖြည့်လိုပါက “Fill Advance information” ကိုနှိပ်ပြီးလျှင် ဖြည့်စွက်ရန် Form များ ထပ်ကျလာပါလိမ့်မည်။ Company Form ၏ အပေါ်ဘက်တွင် Successfully submitted your business စာသားကို တွေ့ရလျှင် BaganMart.com တွင် သင့် ကုမ္ပဏီအား မှတ်ပုံတင်ခြင်း အောင်မြင်စွာ ပြုလုပ်ပြီးပါပြီ။
************************************************
ကုန်ပစ္စည်း Product များကို Wesite ပေါ် တင်ခြင်း
Post တင်ရာတွင် Local Product (Export), Global Product (Import)နှင့် B2B Offer (Classified) ဆိုပြီး ကဏ္ဍ ၃ခုရှိပါသည်။ User Dashboard စာမျက်နှာကို ရောက်ရှိရန်အတွက် ညာဘက် အပေါ်ထောင့်ရှိ “Manage Dashboard” Button ကို နှိပ်ပါ။ ပြည်တွင်းဖြစ် ပစ္စည်းများကို တင်ပို့ရောင်းချရန်အတွက် Export Products စာသားပေါ်တွင် နှိပ်ပြီး မိမိရောင်းချလိုသော ပစ္စည်း၏ အသေးစိတ်အချက်အလက် များကိုဖြည့်စွက်ပြီးပါက Submit ကို နှိပ်ပေးရပါမည်။ ပိုမိုပြည့်စုံစေရန် အချက်အလက်များ ထပ်မံဖြည့်လိုပါက “Fill Advance information” ကိုနှိပ်ပြီးလျှင် ဖြည့်စွက်ရန် Form များ ထပ်ကျလာပါလိမ့်မည်။ "Sell items has been added Successfully" စာသားကို တွေ့ရပါက သင်၏ Product (ကုန်ပစ္စည်း) ကို BaganMart.com ပေါ်ရှိ ရောင်းရန် ပစ္စည်းများ ကဏ္ဍ တွင် တင်ပြီးသွားပါပြီ။ မိမိ တင်ပြီးသော Products များကို ပြန်ကြည့်လိုလျှင် BaganMart.com ပင်မစာမျက်နှာ (သို့) Search Bar တွင် ရှာဖွေပြီး ကြည့်နိုင်ပါသည်။ မိမိတင်လိုက်သော Product (ကုန်ပစ္စည်း) ကို Update (သို့) Edit ပြုလုပ်လိုပါက " Edit Product " ကို နှိပ်ပြီး ပြင်ဆင်နိုင်ပါသည်။ (သို့မဟုတ်)Manage Dashboard အောက်မှ Manage Product ကို နှိပ်၍လည်း ဝင်ရောက် ပြင်ဆင်နိုင်ပါသည်။

Import Products
Add Import product ကို နှိပ်ပြီး မိမိတင်သွင်းလိုသော ကုန်ပစ္စည်းအမျိုးအစားကို ဖြည့်စွက်ပြီး Submit နှိပ်ပေးရပါမည်။
B2B Offer/ Classified
Add classified ကို နှိပ်ပြီး မိမိတင်သွင်းလိုသော ကုန်ပစ္စည်း (သို့) ရောင်းလိုသော ကုန်ပစ္စည်း (သို့) ပူးပေါင်းလုပ်ဆောင်ရန် Partner များရှာဖွေလိုခြင်း (သို့)အခြား Business Service များကို Category ရွေးချယ်ပြီး Submit ပြုလုပ်နိုင်ပါသည်။
************************************************
Engage with Suppliers
နိုင်ငံတကာ ရောင်းဝယ်သူများနှင့် ချိတ်ဆက်ရန်အတွက် BaganMart တွင် Register လုပ်ထားသော Email (သို့) BaganMart.com ရှိ သင်၏ Massage ကဏ္ဍတွင် စုံစမ်းမေးမြန်းထားသော စာများကို နေ့စဉ် စစ်ဆေးသင့်ပါသည်။
BaganMart.com တွင် Message ပို့ / ကြည့် ရန်
User Dashboard Page တွင် Massage ကို နှိပ်လိုက်လျှင် ထို Page ထဲတွင် မိမိ လုပ်ငန်း အကြောင်းကို စိတ်ဝင်စားသော partnership ပြုလုပ်လိုသော Company များ၊ မိမိ Products များကို ဝယ်ယူလိုသူများမှ မေးမြန်းထားသော Massage များကို ကြည့်ရှု စစ်ဆေးနိုင်ပါသည်။
All inquiries | - မိမိထံသို့ စုံစမ်းမေးမြန်းထားသော စာများအားလုံး |
Send Box | - မိမိ ပို့လွှတ်ထားသော ပို့စာများ |
Starred | - အရေးကြီးသော မှတ်သားထားသော စာများ |
Trash | - ပယ်ဖျက်ထားသော စာများ |
Product inquires | - မိမိ၏ ထုတ်ကုန်ပစ္စည်းကို ၀ယ်ယူချင်သောသူများမှ ဆက်သွယ် မေးမြန်းထားသော စာများ |
Company inquires | - မိမိ၏ လုပ်ငန်းနှင့်ပတ်သတ်၍ သိလိုသည်များကို စုံစမ်း မေးမြန်းထားသော စာများ |