Products

Hover on the image to zoom

Auto Pressure Pump (အော်တိုရေပန့်)

ID#4763

  • Brand : album
    Type : Pressure Pump

Price: Not Define  Send Enquiry

 Unit(s)

Call our Expert

09773009003


View Count: 162


Delivery Information

Yangon:1 to 5 Days

Other City:7 to 14 Days



Payment Information

Pay by Credit Card or Paypal

Bank Transfer

Cash On Delivery

မင်္ဂလာပါခင်ဗျ။ ယခု album မှတော့  အိမ်သုံး၊ လုပ်ငန်းသုံး အော်တိုပန့် တွေကို မိတ်ဆက်ပေးထားပါတယ်။ 

အလိုအလျှောက်ရေဖိအားထိန်းပန့်တွေလို့  ပြောလို့ ရပါတယ်။ 

အော်တို ပန့် တိုင်း စွမ်းဆောင်ရည်တူတယ်လို့ တော့  ပြောလို့  မရနိုင်ပါဘူး။ နိမ့်ရာမှ ရေကို မြင့်ရာသို့ တင်တဲ့ အခါ၊ မြင့်ရာမှ ရေကို နိမ့်ရာသို့  မိမိလိုအပ်တဲ့  ပြင်းအားတစ်ခု ရချင်တဲ့ အခါမျိုးတွေမှာ ရေပန့်တွေကို အသုံးပြုကြပါတယ်။ အသုံးပြုရေပိုက်လိုင်းတလျှောက်မှာ မိမိတို့ လိုချင်တဲ့ ရေဖိအားတစ်ခု အမြဲတမ်းရှိနေအောင် သတ်မှတ်ခိုင်းစေကြတဲ့ အခါတွေမှာတော့  အခုမိတ်ဆက်ထားတဲ့  auto-pressure pump တွေကို အသုံးပြုကြရပါတယ်။

ရေပူရေအေးစက်တွေ၊ အဝတ်လျှော်စက်တွေ၊ ရေသန့် စက်တွေ၊ အဖျော်ယမကာနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းတွေ၊ ဟိုတယ်တွေ၊ ကွန်ဒိုတိုက်ခန်းတွေ စသည်ဖြင့် နေရာစုံတွင်ကျယ်စွာ အသုံးပြုကြပါတယ်။ 

ပထမဦးဆုံး ရေပန့် တစ်လုံး မရွေးချယ်ခင် ကြိုတင်စဉ်းစားရမယ့်အချက်တွေရှိပါတယ်။ 

၁။ ရေထွက်ပမာဏ 

၂။ ရေစုပ်တင်အမြင့် 

၃။ တွန်းတင်အမြင့် 

၎။ အဝင်ပိုက်၊ အထွက်ပိုက်အရွယ်အစား 

၅။ မိမိရဲ့  လက်ရှိလျှပ်စစ်မီးအားအနေအထား 

၆။ မော်တာဖွဲ့ စည်းတည်ဆောက်ပုံ 

၇။ မော်တာကာကွယ်မှုစနစ် 

၈။ ဈေးနှုန်းအတိုင်းအတာ 

၉။ ရောင်းပြီးဝန်ဆောင်မှုအတိုင်းအတာ 

၁၀။ အသုံးပြုစဉ် ဆောင်ရန်ရှောင်ရန်ကိစ္စများ မိမိကိုယ်တိုင်နားလည်ခြင်း သည်အချက်တွေဖြစ်ပါတယ်။ 

တချို့ အချက်တွေက မိမိကိုယ်တိုင် ပစ္စည်းကိုကြည့်ရုံနဲ့ သိနိုင်ပေမယ့်၊ တချို့ အချက်အလက်တွေကတော့  သက်ဆိုင်ရာ အရောင်းဆိုင်၊ အရောင်းသမားဆီကနေတိတိကျကျ သိအောင်မေးဖို့ လိုမှာဖြစ်ပါတယ်။ 

မိတ်ဆွေလုပ်ငန်းလိုအပ်ချက်အတွက် အခြားသော design, flow, head မတူတဲ့  အရွယ်များကိုလည်း ဈေးနှုန်းမှန် အရည်အသွေးမှန် စက်ရုံမှ တိုက်ရိုက်မှာယူတင်သွင်းပေးပါတယ်။

  • Brand
    : album
    Type
    : Pressure Pump