Natural Clay Exterior Wall Tile သဘာဝမြေသား နံရံကပ်များ
ID#996
Description
Natural Clay Exterior Wall Tile များကို Japanese Industrial Standard (JIS) နှင့်အညီ ထုတ်လုပ်လျက်ရှိပြီး ပထမဆုံး နှင့် တစ်ခုတည်းသော ပြည်တွင်းဖြစ် Japanese Clay Tile များဖြစ်သည်။ Natural Clay Exterior Wall Tile များသည် Japan နိုင်ငံလုပ် ခေတ်မှီစက်များကို အသုံးပြု၍ ဝါရင့် Japan နည်းပညာရှင်များကိုယ်တိုင်ကြီးကြပ်ထုတ်လုပ်ထားခြင်းကြောင့် Japan Quality အတိုင်းဖြစ်သည်။Natural Clay Exterior Wall Tile များကို အရည်အသွေးမြင့် သဘာဝမြေသားစစ်စစ်ဖြင့် အသုံးပြုထားပြီး Production Process တစ်ခုလုံးတွင် Chemical ပစ္စည်းများ လုံးဝသုံးစွဲထားခြင်းမရှိသောကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော အကျိုးကျေးဇူးများ ရရှိစေနိုင်ပါသည်။Natural Clay Exterior Wall Tile ၏ထူးခြားချက်မှာ Product Color ဖြစ်သည်။အရောင်များသည် သဘာဝအတိုင်း ထူးခြားလှပသော အရောင်ညီ ၊ အရာင်ပြေး နှင့် အရောင်စပ်များ ဖြစ်သည်။(ဥပမာ - အနီ ၊ ခဲ ၊ သနပ်ခါး ၊ ဆင်စွယ်) Exterior Wall Tile များ၏ အရောင်မှာ မည်သည့် အကြောင်းကြောင့် ဖြစ်စေ တစ်သက်တာ ပြောင်းလဲခြင်းမရှိပါ။ ( ဥပမာ - Acid ဖြင့် ဆေးသော်လည်း မူလအရောင် မပြောင်းလဲပါ)