Products

Hover on the image to zoom

Orient Automatic Fire Suppression System

ID#918

Price: Not Define  Send Enquiry

 Piece(s)

Call our Expert

09771204690



View Count: 818


Delivery Information

Yangon:1 to 5 Days

Other City:7 to 14 Days



Payment Information

Pay by Credit Card or Paypal

Bank Transfer

Cash On Delivery

Orient Automatic Fire Suppression System တပ်ဆင်ရာမှာအပိုင်းနှစ်ပိုင်းရှိပါတယ် ။ ပထမတစ်ချက်အနေနှင့်ကတော့ မီးလောင်မှုအဖြစ်ပွားနိုင်ဆုံးနေရာဖြစ်တဲ့ အင်ဂျင်ခန်းထဲတွင် အပူချိန် (100˚ C / 212˚ F) အတိအကျတွင် ပေါက်ထွက်နိုင်သော Detection Tube (မီးအာရုံခံပိုက်) အားတပ်ဆင်ထားရပါမည်။ ယင်းမီးအာရုံခံပိုက်သည် မီးသတ်ဓါတ်ငွေ့ဗူးနှင့် ချိန်ဆက်ထားပြီးဖြစ်ကာ ယင်းမီးအာရုံခံပိုက်ပေါက်ကွဲသည်နှင့် ဓါတ်ငွေ့ဗူးမှ မီးသတ်ဓါတ်ငွေ့များကို မီးငြိမ်းသတ်မည့်ပိုက်မှတစ်ဆင့် အင်ဂျင်ခန်းတွင်းသို့ ထုတ်လွှင့်မီးငြိမ်းသတ်မည်ဖြစ်ပါသည်။ ဒုတိယအချက်နေဖြင့် ထိုသို့မီးအာရုံခံငြိမ်းသတ်ပြီးဖြစ်ကြောင်းကို ယာဉ်မောင်းဆီသို့ Buzzer/Blinking Light ဖြင့်အချက်ပေးနိုင်ရန်ကိရိယာအား ယာဉ်မောင်းဘေးတွင် တပ်ဆင်ပေးထားမည်ဖြစ်ပါသည်။ယခုမီးငြိမ်းသတ်စနစ်အား မီးလောင်မှုအများဆုံးဖြစ်ပွားနိုင်သော အင်ဂျင်ခန်းအတွင်းတပ်ဆင်ရန် ဖော်ပြပေးထားခြင်းသာဖြစ်ပါသည်။ အခြားမီးလောင်မှုဖြစ်ပွားနိုင်သော (ဥပမာ - Exhaust Pipe, Tire နှင့် အခြား Hazard Points များအတွက်လည်း ယခုစနစ်နှင့်အလားတူ အလိုအလျှောက်မီးငြိမ်းသတ်နိုင်သော စနစ်များလည်းရှိပါသည်။ နောင်တွင်ဆက်လက်ဖေါ်ပြသွားပါဦးမည်။ ယခု Section တွင်တော့ Customer များ၏လိုအပ်ချက်နှင့်ဘတ်ဂျက်အရ မီးငြိမ်းသတ်ရန်လုံလောက်သော စနစ်တစ်ခုအားဆွေးနွေးညှိနှိုင်းတပ်ဆင်ပေးခြင်းဖြစ်ပါသည်။ Pressure နှင့်အလုပ်လုပ်သောစနစ်တစ်ခုဖြစ်ခြင်းကြောင့် ပြင်ပ(နှင့်)အင်ဂျင်ခန်းအပူချိန်များအား ချိန်ဆ၍တပ်ဆင်ပေးမည်ဖြစ်ပြီး Customer များအပေါ်မူတည်၍ (Bi-Monthly,Quartarly) စစ်ဆေးပေးခြင်း၊ လိုအပ်သော Pressure Top-Up လုပ်ခြင်းများကိုလည်း နေရာအရောက် လိုက်လံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ (မှတ်ချက် - အကယ်၍ မီးလောင်မှုဖြစ်ပွားခြင်းကြောင့် မီးငြိမ်းသတ်ပြီးလျှင်လည်း ပြန်လည်အသုံးပြုနိုင်သောစနစ်တစ်ခုဖြစ်သောကြောင့် Gas ဖိုးသာထပ်မံကျသင့်မည်ဖြစ်ပါသည်။)Singapore နိုင်ငံတစ်မြို့လုံးရှိ 2009 နောက်ပိုင်းထုတ်လုပ် ပြေးဆွဲလျက်ရှိသော SBS နှင့် SMRT TRANSIT BUS များအားလုံးတွင် ပြည်သူလူထုအတွက် မီးဘေးလုံခြုံစိတ်ချမှုရှိစေရန် တပ်ဆင် အသုံးပြုလျက်ရှိနေသည်။အထူးသဖြင့် အဝေးပြေးယာဉ်များ မြို့တွင်းပြေးဆွဲယာဉ်များ ကျောင်းကြိုပို့ယာဉ်များ အစရှိသော လူအများစီးနင်းလိုက်ပါသောယာဉ်များတွင်ဦးစားပေး တပ်ဆင်ထားသင့်ကြောင်းကို နိုင်ငံတော်မှတာဝန်ရှိသူများ သက်ဆိုင်ရာယာဉ်လိုင်းမှ ပိုင်ရှင်များ နှင့် တာဝန်ရှိသူများအား Rhino Shield မှ အကြံပြုတင်ပြအပ်ပါသည်။