BaganMart

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဆောင်ရွက်မည့် ဆောက်လုပ်ရေးလုပ်ငန်းအချို့ တင်ဒါခေါ်

တည်နေရာ  : ရန်ကုန်တိုင်းဒေသကြီး

Type    :အစိုးရတင်ဒါ
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဆောင်ရွက်မည့် ဆောက်လုပ်ရေးလုပ်ငန်းအချို့ တင်ဒါခေါ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဆောက်လုပ်ရေး (ငွေလုံး ငွေရင်း) လုပ်ငန်းများဖြစ်သည့် ကိုကိုးကျွန်းမြို့ ရုံးအဆောက်အအုံပေ (၄၀ x ၂၇) ပြုပြင်ခြင်း၊ လေးခန်း တွဲ
ဝန်ထမ်းအိမ်ရာ ပေ (၇၂ x ၃၃ x ၁၀.၅) အုတ်ညှပ်အဆောက်အအုံတစ်လုံး၊ ကွမ်းခြံကုန်းမြို့တွင် ရုံးခြံစည်းရိုးအရှည် ပေ (၄၀၀) အမြင့် ၅ ပေရှိ ကွန်ကရစ်တိုင်ချိန်လင့်ကာရံခြင်း၊ ရုံးအဆောက်အအုံ ပေ (၄၀ x ၂၇) RC တစ်လုံး၊
နှစ်ခန်းတွဲ ၀န်ထမ်း အိမ်ရာ ပေ (၄၀ x ၂၈) RC တစ်လုံး၊ ရုံးရှေ့ကျောက်ချောလမ်း ပေ (၂၅၀ x ၁၄ x ၄) ပေ ခင်းခြင်းလုပ်ငန်းများ ဆောင် ရွက်မည် ဖြစ်ပါ၍ မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားသည်။

တင်ဒါလျှောက်လွှာရောင်းချမည့်ရက်မှာ (၂.၁.၂၀၁၉) ရက် (ဗုဒ္ဓဟူးနေ့)ဖြစ်ပြီး တင်ဒါလျှောက်လွှာ ပိတ်မည့်ရက်မှာ (၁၆.၁.၂၀၁၉) ရက် (ဗုဒ္ဓဟူးနေ့) မွန်းတည့် (၁၂)နာရီဖြစ်သည်။

တင်ဒါတင်သွင်းရမည့်နေရာမှာ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ အောက်မြန်မာပြည်ဌာနခွဲ၊ ရန်ကုန်မြို့ဖြစ်သည်။

တင်ဒါလျှောက်လွှာပုံစံများနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းဝယ်ယူနိုင်ကြောင်း သိရသည်။
 
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Closing Date       : 16-Jan-2019 | Wed

 
ဆက်သွယ်ရန်

Phone : -

Address : မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ အောက်မြန်မာပြည်ဌာနခွဲ၊ ရန်ကုန်မြို့။