BaganMart

စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ဇမ္မူသီရိမြို့နယ်တွင် သင်တန်းကျောင်း ဆောက်လုပ်ရန် တင်ဒါခေါ်

တည်နေရာ  : နေပြည်တော်

Sector    :Decoration & Construction Services

Type    :အစိုးရတင်ဒါ
၀ယ်ယူလိုသည့်အကြောင်း အသေးစိတ်ဖော်ပြချက်
စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ဇမ္မူသီရိမြို့နယ်တွင် သင်တန်းကျောင်း ဆောက်လုပ်ရန် တင်ဒါခေါ်

ရန်ကုန်၊ ဇန်န၀ါရီ ၈

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဇမ္မူသီရိမြို့နယ်တွင် သင်တန်းကျောင်း (၁၈၅' x ၉၀' ၊ RC လေးထပ်၊ ယူပုံ) ဆောက်လုပ်ရန်
ရှိပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များမှ တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားသည်။

အိတ်ဖွင့်တင်ဒါပုံစံများနှင့် တင်ဒါစည်းကမ်းချက်များကို တစ်စုံလျှင် ကျပ်တစ်သောင်းခွဲနှုန်းဖြင့် ကြော်ငြာသည့်ရက်မှစ၍ ရုံးချိန် အတွင်း အုပ်ချုပ်ရေးကဏ္ဍ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ရုံးအမှတ် (၁)၊ နေပြည်တော်တွင် လာရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။

အိတ်ဖွင့်တင်ဒါကို (၉.၁.၂၀၁၉) ရက်မှ (၃၁.၁.၂၀၁၉) ရက်အထိ ရုံးချိန်အတွင်း ရောင်းချပေးသွားမည်ဖြစ်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ရုံးအမှတ် (၁)၊ နေပြည်တော်သို့ တင်သွင်းရမည်ဖြစ်သည်။

အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း စီမံကိန်းရေးဆွဲရေးဦးစီးဌာနရုံးချုပ်၊ ဖုန်း ၀၆၇-၃၄၀၇၀၂၀၊ ၀၆၇-၃၄၀၇၀၉၈ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
 
၀ယ်ယူမည့် ဖွင့်ရက် / ပိတ်ရက်
Closing Date       : 31-Jan-2019 | Thu

 
ဆက်သွယ်ရန်

Phone : ၀၆၇-၃၄၀၇၀၂၀၊ ၀၆၇-၃၄၀၇၀၉၈

Address : အုပ်ချုပ်ရေးကဏ္ဍ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ရုံးအမှတ် (၁)၊ နေပြည်တော်